Monday, November 26, 2007

တေဇရဲ့ အကျိုးစီးပွားကို အားပေးနေခြင်းအားသတိထားပါရန်၊

Sanctions မိသွားလို့  အထိနာသွားတဲ့ တေဇပိုင် Air Pagan က အခု မြန်မာကျောင်းသားတွေနဲ့  မြန်မာမိသားစုတွေဆီက ငွေပြန်နှိုက်ဖို့ အတွက် စီစဉ်နေပါတယ်။ မြန်မာပြည်ကို ပြန်ချင်ရင် အသွားအပြန် ထိုင်းဘတ်ငွေ ၄၇၀၀ (တစ်လအတွင်း) နဲ့  ထိုင်းဘတ်ငွေ ၅၀၀၀ (သုံးလအတွင်း) ရောင်းချပြီး ဆွယ်တရားလုပ်နေပါတယ်။
ဒီတစ်ခါ တာဝန်ယူပီး မဲဆွယ်နေသူကတော့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန အမှတ် () ရဲ့  ၀န်ကြီး ဇော်မင်းရဲ့  သမီးထွေးလေး စုထက်လှိုင် () ရတနာဇော်မင်းပါ။
စုထက်လှိုင်ဟာ ၂၀၀၅ ခုနှစ်တုန်းက တေဇရဲ့  စပွန်စာနဲ့  ကျောင်းတက်ပြီး Asian Institute of Technology မှာ Master of Business Administration ပြီးစီးခဲ့ပြီး တေဇရဲ့  Air pagan ဘန်ကောက်ရုံးခွဲမှာ အလုပ်လုပ်နေပါတယ်။
သူရဲ့ကိုယ်ရေးကိုယ်တာတွေကို အတွင်းသိတစ်ဦးက နာမည်နဲ့ တစ်ကွ သတင်းပေးလာလို့  လွန်ခဲ့တဲ့ နိုဝင်ဘာ () ရက်နေ့ က နစ်နေမန်းဘလော့မှာ ပို့ စ်တင်ထားခဲ့ပေမယ့် မေတ္တာရပ်ခံချက်အရ ပြန်ပယ်ဖျက်ခဲ့ပေးပါတယ်။
ပြည်သူအများက လုံးဝမနှစ်သက်တဲ့ ကိုယ်ကျိုးစီးပွားရှာ သန်းရေသမက် တေဇရဲ့  Air Pagan ဆက်လက်ရှင်သန်တို့းတက်ရေးအတွက် ပြည်သူတွေမျက်နှာကို မထောက်ဘဲ ကိုယ်ကျိုးစီးပွားအတွက် တေဇပိုင် Air Pagan ကို ပံ့ပိုးထောက်ပံ့ပေးနေဆဲမို့  ယခုလို ဖေါ်ပြလိုက်ရပြန် ပါတယ်။
တိုင်းပြည်သယံဇာတတွေအပေါ်မှာ အချောင်ဘုန်းပြီး မတရားရလာတဲ့ငွေနဲ့  ပိုင်ဆိုင်ထားတာတဲ့ တေဇရဲ့  Air Pagan ကို မျိုးချစ်မြန်မာများအနေနဲ့  ဆက်လက်သပိတ်မှောက်ကြဖို့ ကို တိုက်တွန်းအပ်ပါတယ်။

No comments: